ပေါက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းသား/ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော်ကို “ထာဝရသစ္စာ” သီချင်းကကွက်ဖြင့် သီဆိုဖွင့်လှစ်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးနေဇော်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပညာရေးမှူး (တာဝန်ခံ)ဆရာကြီး ဦးခင်မောင်စန်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ များအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ဆင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)