နတ်မောက် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများအား ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ်အတွင်းရှိ မဲရုံ(၅၇)ရုံတွင်တာ ဝန်ထမ်းဆောင်ကြမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုမဲဆန္ဒနယ်များအလိုက် သွားရောက်မည့်သူများအား ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း