မြို့သစ် ဇန်နဝါရီ ၂
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ရာ မဲရုံအသီးသီး၌တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများက ကြိုတင်မဲပေးခြင်းများကို အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းစာသင်ဆောင်တွင် ဇန်နဝါရီလ (၁) ရက်နေ့က စတင်ဆောင်ရွက်ကြရာ ယနေ့တွင်လည်းဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ထို့အတူရွေးကောက်ပွဲကျင်းပမည့်နေ့ရက်တွင် သက်ဆိုင်ရာမဲရုံများသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ မဲပေးမည့်နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက စနစ်တကျစိစစ်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာနှင့် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက်)