စလင်း ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် ဇန်နဝါရီ (၁၁) ရက်နေ့၌ မဲရုံများတွင် တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည့် အကြီးအကဲများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်ပိုင်း (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ဒုတိယနေ့မြောက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် စလင်းမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတို့တွင် တာဝန်ထမ်းဆောင်ကြမည့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဖြည့်သွင်းရမည့် လျှောက်လွှာပုံစံ (၁၃) များကို တစ်ပါတည်းယူဆောင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုမဲဆန္ဒနယ်များအလိုက် ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)