နတ်မောက်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများဖြင့် တွေ့ဆုံပွဲပြုလုပ်

နတ်မောက် ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့်စာရေးဝန်ထမ်းများဖြင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မကွေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက အပိုင်း (၂) ဇန်နဝါရီ (၁၁) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ သက်ဆိုင်ရာမဲရုံများသို့ လာရောက်မဲပေးသည့်အခါ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်းယူဆောင်သွားစေရန်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် နှိုးဆော်အသိပေးဆောင်ရွက်ရန်စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးက နတ် မောက်မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန် ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း