မင်းလှမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ  ကျင်းပ

အထက်မင်းလှ ဇန်နဝါရီ  

မကွေးတိုင်း‌ဒေသကြီး ၊ သရက်ခရိုင် ၊ မင်းလှမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲကို ယနေ့ နံနက် နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မိုင်(၃)မိုင်အကွာအဝေးရှိသည့် မီနီမာရသွန်အပြေးပြိုင်ပွဲကို မင်းဘူး - မင်းလှကားလမ်း မင်းလှမြို့နယ်၊ ညောင်ပင်သာကျေးရွာလမ်းဆုံနေရာ၌ စုရပ်ပြုလုပ်၍ စတင်တာလွှတ်ခဲ့ပြီး ရုံးရပ်တောင်ပိုင်း မြို့နယ်ခန်းမရှေ့အထိ ပန်းဝင်နေရာအဖြစ်သတ်မှတ်ကာ ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။

အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲတွင် အားကစားကို စိတ်ဝင်စားကြသည့် လူငယ် ၊ လူရွယ် (၄၁) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းဝင်များနှင့် ပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦး ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ရက်နေ့တွင် ကျ‌ရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲအခမ်းအနားအပြီးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)