ဆိပ်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကျင်းပဆောင်ရွက်သည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ အလွတ်တန်း အမျိုးသား ဘောလီဘောပြိုင်ပွဲများ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသမီးထုပ်စည်းထိုးပြိုင်ပွဲ အုပ်စုပတ်လည် ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားနည်းများအလိုက် ပြိုင်ပွဲ (၂၁) မျိုးဖြင့် ဇန်နဝါရီလ (၄) ရက်နေ့အထိ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အားကစားပြိုင်ပွဲများသို့ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
စိုးလင်းနိုင် (IPRD)