မကွေး ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တာဝန်ရှိသူများလိုက်ပါကာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်၍ တိုင်းဒေသကြီးလွှတ်တော်ဝန်းအတွင်းနှင့် လွှတ်တော်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွှတ်တော်ဝန်းအတွင်း အဝင်လမ်း လှပသာယာသန့်ရှင်းမှု ရှိစေရေး ပန်းအလှပင်များစိုက်ပျိုး ပြင်ဆင်ဆောင်ရွက်နေမှု၊ လွှတ်တော်ရုံးအတွင်း အစည်းအဝေးပြုလုပ်ရာတွင် လွှတ်တော်ဥက္ကဌနှင့် ကိုယ်စားလှယ်တော်ကြီးများ၏ ထိုင်ခုံနေရာများ ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ထိုင်ခုံ၊ စားပွဲနှင့် နံရံများ အရောင်တင်ခြင်း ဆောင်ရွက်မှုနှင့် လုံခြုံရေးကင်းတဲအဆောက်အဦ ပြင်ဆင်ဆောင်ရွက်မှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ အမြန်ဆုံးပြီးစီးဆောင်ရွက်နိုင်ရေးနှင့် ပြင်ဆင်မှုလုပ်ငန်းများအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ