ကံမမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်

ကံမ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ(၁)ရက်နေ့ နံနက်(၈)နာရီမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

ကံမမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာဆရာမများနှင့် ဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာ နေရာများသို့ သွားရောက်တာဝန်မထမ်းဆောင်မီ မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ဆန္ဒမဲများကို မြို့နယ်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကဆန္ဒမဲပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး မဲစာရင်းတွင်ပါရှိသည့် မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)