ကံမမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကံမ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ(မင်းကုန်း)မှ ကျောင်းသား၊ ကျောင်းသူများအား  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ‌ရေးနှင့်‌ အေးချမ်းသာယာ‌ရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ (၁၅-၁၀-၂၀၂၅)ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)(၁၀)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နှုတ်ချက်မှ လွတ်လပ်ရေး၏အဓိပ္ပါယ်၊ လွတ်လပ်ရေးဆိုသည်မှာ ကဗျာ၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့်အကြောင်းအရာများအား ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)