ပခုက္ကူမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကာယနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို အခြေခံပညာကျောင်းများအသီးသီးအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။ 

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ် စသည့်ကာယစွမ်းရည်ပြိုင်ပွဲများကျင်းပရာ  ကျောင်းသား၊ ကျောင်းသူ ၈၀ ဦး ဝင်‌ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် အထက်တန်းအဆင့် စာစီစာကုံး၊ကဗျာ၊ပန်းချီ၊ ကျပန်းစကားပြာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၃၀ ဦး၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)