နတ်မောက်မြို့နယ်တွင်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက် ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ သွေးစည်းချစ်ကြည်  လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက်ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြို့ပေါ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊ အခြေခံပညာ မူလတန်းကျောင်း(ဈေး)တို့မှ ကျောင်းသား၊ ကျောင်းသူ(၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆုရရှိသူများအားက (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်းသင်းဝေ