သထုံမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

သထုံ ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လိုက်လံဖြန့်ဝေရာတွင် သထုံမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာအထက်တန်း‌၊ အလယ်တန်းကျောင်းများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေပေးရခြင်း၏ ရည်ရွက်ချက်နှင့် စာစောင်ပါအချက်များတို့ကို ရှင်းလင်းပြောကြားကာ ကျောင်းသားကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄) ရပ်၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တစ်နိုင်ငံလုံးပစ်ခတ်ရက်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များ စသည်တို့ပါဝင်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)