ချောင်းဆုံ ဒီဇင်ဘာ ၃၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်၊ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို မျိုးချစ်စိတ်ဖြင့် ကာကွယ်တတ် စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒီဇင်ဘာလ (၃၁)ရက်နေ့က ချောင်းဆုံ (အ.ထ.က)ကျောင်းတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်(ပြန်/ဆက်)ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးဦးက လွတ်လပ်ရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ရာ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း၊ ဆောင်းပါး ၊ ကဗျာနှင့် ကာတွန်းစသည့်များ ပါဝင်ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)