မင်ဘူးမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

မင်းဘူး ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုပ်စည်းထိုးကစားခြင်းနှင့်၊ ဘောလီဘော အားကစားပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ကျင်းပလျက်ရှိကြောင်း သိရသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပွဲများ ယှဉ်ပြိုင်ကစားရာတွင် မင်းဘူး(စကု) မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်၊ မြို့ပေါ်ရပ်ကွက်များမှ အားကစားဝါသနာရှင်များက အသင်းအစုအဖွဲ့အလိုက် ယှဉ်ပြိုင်ကစားလျက်ရှိကြပြီး ထုပ်စည်းထိုး ၇ သင်း၊ ဘော်လီဘော ၈ သင်းဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြသည်။

ထိုအားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊  မီတာ ၁၀၀၊ ၂၀၀ အပြေးပြိုင်ပွဲများအပြင် ဂိုးကျင်းကန်သွင်းခြင်း၊ သံပုံးရိုက်၊ ထိုင်ခုံလုပြိုင်ပွဲများပါ ကျင်းပသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင် လိုသူများသည် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လာရောက် စာရင်းပေးသွင်းလျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဒေါ်နှင်းထံမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)