ဆင်ပေါင်ဝဲမြို့၌ ပြည်သူများ ဆန္ဒပြုမဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူများ ပါဝင်မဲပေးနိုင်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံတစ်ရုံချင်းအလိုက် တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အမှာစကားပြောကြားရာ မြို့နယ်အတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဥ်း၍ လမ်းညွှန်မှာကြားသည်။

ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိတို့က မြို့နယ်အတွင်း မကြာမီကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)