အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

အောင်လံ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်းကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်းက ပြိုင်ပွဲနှင့်ပတ်သက်ပြီး စည်းမျဉ်း၊ စည်းကမ်းများ ပြောကြားခဲ့သည်။

အဆိုပါ အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်ကြရာ အုပ်စု(၂)စုခွဲ၍ ပြိုင်ပွဲအားပတ်လည်ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)