ဆိပ်ဖြူ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။
ဆိပ်ဖြူမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးနှင့် ရတနာလမ်းတို့တွင် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရမည့်အချိန်တွင် သိရှိလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးလုပ်ငန်းများ၊ မိမိတို့၏ မဲစာရင်းအမှတ်များ မှတ်သားထား၍ ဆန္ဒမဲပေးရာ၌ အချိန်ကြန့်ကြာမှုမရှိပဲ မဲပေးဆောင်ရွက်နိုင်စေရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲကြောင်း သိရသည်။
သူရိန်(ဆိပ်ဖြူ)