ငဖဲ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပြေးခုန်ပစ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ စကောရွတ်ပြိုင်ပွဲ၊ မူလတန်းကလေးများ မီတာ ၁၀၀ ပြိုင်ပွဲနှင့် အလယ်တန်းဆင့် ထုပ်ဆီးတိုးပြိုင်ပွဲ စသည့် အားကစားနည်းမျိုးစုံကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာယှဉ်ပြိုင်ကစားကြသည်။
အားကစားနည်းပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းစုံညီပွဲတော်တွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)