သရက် ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး သရက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်၊ ၂၀၂၆ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေး၏ အဓိပ္ပါယ်၊ ကမ္ဘာတည်သရွေ့စောင့်ရှောက် စသည်တို့ပါဝင်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)