စလင်းမြို့နယ်၌ ပြည်သူများဆန္ဒပြုမဲပေးနိုင်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

စလင်း ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ပြည်သူများပါဝင်မဲပေးနိုင်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးစာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်သူများ တက်ရောက်ကြသည်။

ထိုညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော် တက်ရောက်အမှာစကားပြောကြားရာ မြို့နယ်အတွင်း ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိတို့က မြို့နယ်အတွင်းမကြာမီကျင်းပမည့် ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများကို ကြိုတင်ညှိနှိုင်းဆွေးနွေး‌ခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)