မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) အစည်းအဝေးနှင့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေသို့တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၃၀

မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏  (၅/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံသူတွေ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်‌ပေးနိုင်ရေး၊ အမြန်ဆုံးဝန်ဆောင်မှုကောင်းများပေးနိုင်ရေးအတွက် ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအားပေးကူညီဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ခနောက်စိမ်းသတ္တုသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ကိစ္စရပ်များအားလည်းကောင်း၊ ဝဥအလွှာခြောက်နှင့် အမှုန့်ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းမှ စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခွင့်ဆောင်ရွက်ရန်ကိစ္စရပ်များအား လည်းကောင်း၊ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ရာဘာသစ်ခွဲသားများ ထုတ်လုပ်ခြင်းလုပ်ငန်းမှ ရင်းနှီးမြှုပ်နှံသူအမည် ပြောင်းလဲခွင့်နှင့် အစုရှယ်ယာလွှဲပြောင်း ဆောင်ရွက်ခွင့်ပြုရန် ကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ကော်မတီဝင်များမှ ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်‌ရွက်နေမှုအခြေများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဖြည့်စွတ်ဆွေးနွေး တင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်နယ်၊ ၂ဝ၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက  ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် လုပ်ကန်းကော်မတီများမှ ကဏ္ဍအလိုက် လိုအပ်သည့် အစီအမံများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြရန်လိုအပ်ကြောင်း၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာအဆင်ပြေချောမွေ့စွာဖြင့် ကျင်းပဆောင်ရွက်သွားနိုင်ရန်အတွက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ၏ လမ်းညွှန်မှာကြားချက်များအတိုင်း သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ပိုမိုကောင်းမွန်သည့် အကြံဉာဏ်ကောင်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက်၂ဝ၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍  နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)