ပခုက္ကူမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြော၊ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပခုက္ကူ ဒီဇင်ဘာ ၃၀

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အခြေခံပညာကျောင်းများထံ ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ကွင်း‌ဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)နှင့် ဝန်ထမ်းများက ပခုက္ကူမြို့၊ အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေး၏ အနှစ်သာရနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ရရှိပြီးသောလွတ်လပ်ရေးနှင့် ပြည်ထောင်စုထာဝစဉ်တည်တံ့ခိုင်မြဲရေး တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောကြပြီး ကျောင်းသား၊ ကျောင်းသူများထံ ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)