ရေနံချောင်း ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် မီတာ(၅၀) ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ(၁၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပေတံလုပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ ပူစီဖောင်းနင်းပြိုင်ပွဲများ ထည့်သွင်းကျင်းပရာ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဇန်နဝါရီ ၄ ရက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)