ပခုက္ကူ ဒီဇင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပိုစတာနှင့်ဆောင်းပါး၊ စသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် “ထိန်းသိမ်းကာကွယ်ကြစို့ တို့လွတ်လပ်ရေး အမွေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီနှင့်ပိုစတာပြိုင်ပွဲတွင် “လွတ်လပ်ရေးကိုတန်ဖိုးထား တို့ပြည်ထောင်စုသား” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့အမွေ အဓွန့်ရှည်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့အမွေအနှစ်ကို ထိန်းသိမ်းရမည့် ယနေ့လူငယ်တို့၏တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ ၆၆ ဦးတို့က ဉာဏစွမ်းရည်ပြိုင်ပွဲ အမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် လွတ်လပ်ရေးနေ့၏ အနှစ်သာရကို ပိုမိုသိရှိနားလည်ပြီး အမြတ်တနိုးထိန်းသိမ်း ကာကွယ်စောင့်ရှောက်တတ်စေရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများနှင့် စာပေများကို တန်ဖိုးထားတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)