မြို့သစ် ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာ ရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ငန်းများကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို လျှပ်စစ်ဓာတ်အားရယူသုံးစွဲလျက်ရှိသော ဒေသခံပြည်သူများနှင့် လျှပ်စစ်ဓာတ်အားဖြင့် မိသားစုဝင်ငွေရရှိရေးဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်များ လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်စွာဖြင့် ဓာတ်အားပြည့်ဝစွာရရှိစေရန်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၊ မြို့နယ်လျှပ်စစ်မှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းဝန်ထမ်းများက မြို့တွင်းဓာတ်အားလိုင်းများနှင့် ထိစပ်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားရယူအသုံးပြုသော ၆၆ ကေဗွီဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ယိုင်နဲ့နေသော ဓာတ်အားလိုင်းတိုင်များကို ကြံ့ခိုင်မှုရှိစေရန်ပြန်လည်တည့်မတ်ခြင်း၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်းနှင့် ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများအား မြို့နယ်လျှပ်စစ်မှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဓာတ်အားပျောက်ဆုံးမှု မရှိစေရေးလိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)