မင်းဘူး ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အခြေခံပညာ(ထက်၊လယ်၊မူ)အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မင်းဘူးခရိုင်အဆင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အခြေခံပညာ(ထက်၊လယ်၊မူ)အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ၃၀ ဦး၊ ကျောင်းသူ ၇၀ ဦး စုစုပေါင်း ၁၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အတွင် ကျင်းပမည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)