အောင်လံမြို့နယ်တွင် မိုးစပါး(ဆာဖိုးသာ)ရိုတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မကွေး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်းအချင်းချင်းပံ့ပိုးငွေ၊ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေတို့ဖြင့် စီမံကိန်းသီးနှံများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် နံဇူပင်ကျေးရွာ၊ နံဇူပင်စိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်ဝင်း၏ လယ်၃.၅ ဧကတွင် မိုးစပါး(ဆာဖိုးသာ) ရိတ်သိမ်းပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိတို့အား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြမြလွင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

အဆိုပါနံဇူပင်စိုက်/ထွေသမဝါယမအသင်းတွင် အသင်းသား(၉၀)ဦးတို့က မိုးစပါး(ဆာဖိုးသာဧက(၂၂၂)စိုက်ပျိုးပြီး စိုက်ဧက()ဧကလျှင်ကျပ်(၃၀၄၅၀၀/-) တန်ဖိုးနှင့် ညီမျှသည့်မျိုးနှင့် သွင်းအားစု ကျပ်(၆၇.၅၉၉)သန်းအား စီမံကိန်းအနေဖြင့် ထောက်ပံ့ခဲ့သည်။

အောင်လံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ သက်တန့်ရောင်စီမံကိန်းအနေဖြင့် အသင်း()သင်း၊ အသင်းသားတောင်သူ(၁၁၂)ဦး၊ စိုက်ဧက(၃၂၂)အတွက် သွင်းအားစုပံ့ပိုးငွေ စုစုပေါင်းကျပ် (၁၀၁.၀၉၄၂)သန်း ထောက်ပံခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)