ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း မုံရွာမြို့ရှိ မဲရုံများသို့ မဲဆန္ဒရှင်များ လာရောက်မဲပေးမှုကို လှည့်လည်ကြည့်ရှု

မုံရွာ ဒီဇင်ဘာ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) ဦးမြင့်သိန်းသည် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့ရှိ မဲရုံများသို့ မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ​ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်သည် မုံရွာတက္ကသိုလ်အတွင်းရှိ မဲရုံ အမှတ်(၁) နှင့် အမှတ် (၂) အားလည်းကောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ( မုံရွာ)ရှိ မဲရုံ ၃ ရုံနှင့် ကွေ့ကြီးရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အတွင်းရှိ မဲရုံ ၂ ရုံ၊ ဒေါနခြံရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအတွင်ရှိ မဲရုံ ၁ ရုံ၊  ဆူးလေကုန်ရပ်ကွက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ မဲရုံ ၁ ရုံတို့ကို ကြည့်ရှုပြီး မဲဆန္ဒရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)