မကွေး ဒီဇင်ဘာ ၂၉
နိုင်ငံ၏ သမိုင်းစာမျက်နှာသစ်ကို လှပစွာ ဖွင့်လှစ်နိုင်ရေးနှင့် မိမိတို့တိုင်းပြည်၊ မိမိတို့မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်ကောင်းများရွေးချယ်ခြင်းကို မဲဆန္ဒရှင်အားလုံးက သတ်မှတ်ထားသည့် မဲရုံများသို့ သွားရောက်၍ မိမိတို့၏ ဆင်ခြင်ဉာဏ်ပါသော အဖိုးတန်ဆန္ဒမဲဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ရွေးချယ်တင်မြှောက်လျက်ရှိသည်။
ထိုသို့ ရွေးချယ်တင်မြှောက်ရာတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး၊ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး မဲပေးနိုင်ရေးအတွက် အစိုးရက အဘက်ဘက်မှ ဆောင်ရွက်ပေးထားပြီး နိုင်ငံသားအခွင့်အရေးတစ်ရပ် မဆုံးရှုံးစေရေး၊ နိုင်ငံသားတာဝန်ကျေပွန်ရေးအတွက် မပျက်မကွက်မဲပေးကြသည့် ပြည်သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအဖွဲ့များက အချိုရည်နှင့် ရေဘူးများ ဝေငှပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)