အောင်လံ ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ ဒီဇင်ဘာ (၂၈) ရက်တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြုခဲ့ကြသည်။
အောင်လံမြို့နယ်အနေဖြင့် ရပ်ကွက် (၁၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၀) အုပ်စုတွင် မဲရုံပေါင်း (၁၁၈) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၁၂၈၃၉၇) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
အာကာ (ပြန်/ဆက်)