မုံရွာမြို့နယ် မဲရုံများတွင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိ

မုံရွာ   ဒီဇင်ဘာ    ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု မဲရုံများ၌ ယနေ့ နံနက် ၆ နာရီ မှစတင်၍ မဲဆန္ဒရှင်ပြည်သူများလုံခြုံအေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် ရပ်ကွက် ၃၁ ရပ်ကွက်နှင့် ကျေးရွာအုပ်စုနှစ်စုတွင် မဲရုံ ၈၉ ရုံဖွင့်လှစ်ထားရှိပြီး ပြည်သူများအေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးခဲ့ကြကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)