ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းစွာ လာရောက်ဆန္ဒမဲပေး

ချောက်  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် (ယနေ့) နံနက် နာရီ အချိန်မှစပြီး မဲရုံအသီးသီးတွင် ဆန္ဒမဲများ အေးချမ်းစွာ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(ယနေ့)မှ စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အပိုင်း()တွင် ပါဝင်သည့် ချောက်မြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးအကြိမ်(တတိယအကြိမ်) ထုတ်ပြန်သည့် မဲရုံနှင့် မဲစာရင်းများအရ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၆ အုပ်စုတွင် ရပ်ကွက်မဲရုံ ၂၉ ရုံ၊ ကျေးရွာမဲရုံ ၁၃ ရုံ၊ တပ်မဲရုံ ရုံ စုစုပေါင်းမဲရုံ ၄၄ ရုံ၌ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၅၉၆၆၇ဦး ရှိကြောင်း၊ အဆိုပါ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ မဲပေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြန့်ဝေပေးထားသည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(EVM) အလုံးရေ ၁၆၁ အသုံးပြု၍ သက်ဆိုရာ မဲရုံတာဝန်ခံများနှင့် မဲရုံလုံခြုံရေး ပူပေါင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီးမွန်းလွဲပိုင်းတွင် မဲ​​ပေးသူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အချိုရည်နှင့်ရေသန့်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)