တောင်တွင်းကြီး ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ဒီဇင်ဘာ (၂၈) ရက်တွင် စတင်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် (၆) နာရီမှစတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် (၁၂) နာရီအချိန်ထိ ဆန္ဒမဲပေးသူစုစုပေါင်း (၅၅၆၆၀) ဦး၊ ရာခိုင်နှုန်းအနေဖြင့် (၃၁.၆၄) ရှိပြီဖြစ်ကြောင်းနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ရရှိလာသော အခွင့်အရေးကို လက်လွတ်မခံဘဲ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးရွေးချယ်လျက်ရှိကြသည်။
တောင်တွင်းကြီးမြို့နယ်အနေဖြင့် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၃) အုပ်စုတွင် မဲရုံပေါင်း (၁၉၃) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၁၇၆၃၆၈) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)