ပခုက္ကူ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေကြသည်ကို တွေ့ရသည်။ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလောင်းများ စသည့်အသိသက်သေများ ရှေ့မှောက်တွင် MEVM မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များ စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက်စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများ ဆောင်ရွက်ပြီးသည့်နောက် နံနက် (၆) နာရီအချိန်မှ စတင်ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူများမှ သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲပေးကြသည်။
ပခုက္ကူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၅) ရပ်ကွက်၊ မဲရုံစုစုပေါင်း (၅၀) ရုံ၊ မဲပေးပိုင်ခွင့်ရှိသူ (၁၀၂၁၃၀) ဦးရှိပြီး မိမိတို့ ကြိုက်နှစ်သက်ရာပါတီကို မဲပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)