မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်ဆန္ဒမဲပေး

မင်းဘူး ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် (ယနေ့) နံနက် ၆ နာရီအချိန်မှစပြီး မဲရုံအသီးသီးတွင် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် (ယနေ့) မှ စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အပိုင်း (၁) တွင် ပါဝင်သည့် မြို့နယ်များအလိုက် မင်းဘူး (စကု) မြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးအကြိမ် (တတိယအကြိမ်) ထုတ်ပြန်သည့် မဲရုံနှင့် မဲစာရင်းများအရ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၇ အုပ်စုတွင် ရပ်ကွက်မဲရုံ ၂၂ ရုံ၊ ကျေးရွာမဲရုံ ၈၆ ရုံ၊ တပ်မဲရုံ ၃ ရုံ စုစုပေါင်းမဲရုံ ၁၁၁ ရုံ၌ မဲဆန္ဒရှင်ပြည်သူ စာရင်းရှိ ကျား ၅၄၃၇၀ ဦး၊ မ ၆၂၅၆၁ ဦး စုစုပေါင်း လူဦးရေ ၁၁၆၉၃၁ ဦး ရှိကြောင်း၊ အဆိုပါမဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြန့်ဝေပေးထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (EVM) အလုံးရေ ၄၄၈ အသုံးပြု၍ သက်ဆိုရာမဲရုံတာဝန်ခံများနှင့် မဲရုံလုံခြုံရေးပူပေါင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မောင်မောင်