သရက်မြို့နယ် မဲရုံများ၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် စတင်မဲပေးမှုများ ဆောင်ရွက်

သရက် ဒီဇင်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၁ အား မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲရုံအသီးသီးများ၌ စတင်၍ မဲပေးနေမှုများကို ယနေ့ နံနက် ၆ နာရီအချိန် စတင်ကျင်းပပြုလုပ်လျက်ရှိသည်။

မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲပေးစက်ကိုင်များ၊ မဲစာရင်းမှတ်တမ်းကောက်ယူသူများနှင့် မဲရုံအကူအဖွဲ့ဝင်များတို့က မဲရုံမဖွင့်မီ လွှတ်တော်တစ်ရပ်စီအတွက် မဲပေးထိန်းချုပ်စက်များကို စနစ်တကျတပ်ဆင်ပြီး မဲရုံမှူးက နံနက် ၆ နာရီတွင် မဲရုံများကိုဖွင့်လှစ်ပေးခဲ့ရာ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲဆန္ဒစက်ခလုတ်နှိပ်၍ ဆန္ဒပြုကြသည်။

သရက်မြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၃) အုပ်စုတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံပေါင်း (၅၈) ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင် ပြည်သူပေါင်း (၄၆၈၉၃) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။        

ခရိုင် (ပြန်/ဆက်)