ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲဆန္ဒရှင်ပြည်သူများ  ဆန္ဒမဲပေး

ပွင့်ဖြူ  ဒီဇင်ဘာ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများ၌ ယနေ့နံနက် ၆ နာရီကစတင်၍ ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများမှ လုံခြုံအေးချမ်းစွာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ရပ်ကွက်/ကျေးရွာအုပ်စု (၃၉) စု၊ မဲရုံပေါင်း(၁၀၁) ရုံ ဖွင့်လှစ်၍ ပြည်သူများ ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)