ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

ချောက်  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှစ၍ မဲရုံများတွင် မဲဆန္ဒရှင်များအေးချမ်းစွာလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)တွင်ပါဝင်သည့် ချောက်မြို့နယ်အနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးထုတ်ပြန်သည့် မဲရုံနှင့်မဲစာရင်းများအရ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း ၂၆ အုပ်စုတွင် စုစုပေါင်းမဲရုံ ၄၄ ရုံ၌ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၅၉၆၆၇ ဦးရှိကြောင်း၊ အဆိုပါ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)  ၁၆၁ လုံးအသုံးပြု၍  ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။မြို့နယ်(ပြန်/ဆက်)