၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မကွေးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

မ‌ကွေး ဒီဇင်ဘာ ၂၈ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှ စတင်ကာ နိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများသို့ မဲရုံမဖွင့်လှစ်မီ မဲရုံအရှေ့တွင် စိတ်အားထက်သန်စွာ ဆန္ဒမဲပေးရန်စောင့်ဆိုင်းလျက်ရှိကြကာ နံနက် (၆)နာရီတိတိတွင် မဲရုံမှူးက  မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ MEVM မဲပေးစက်များဖြင့် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ အသီး သီးဆန္ဒပြုခဲ့ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရရှိလာသော အခွင့်အရေးနှင့် ဆန္ဒမဲပေးခွင့်တို့ကို နိုင်ငံသားတိုင်းက လက်လွတ်မခံ အမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော် ကိုယ်စား လှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ကြသည်။ မကွေးမြို့နယ် အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၆)အုပ်စုတွင် မဲရုံပေါင်း(၂၆၀)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၂၄၀၈၃၆)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ 

ခရိုင်(ပြန်/ဆက်)