ရေနံချောင်း ဒီဇင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ မဲဆန္ဒနယ်အသီးသီး၌ မဲရုံအသီးသီး တွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျဆန္ဒမဲပေးလျက်ရှိကြသည်။
မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများသို့ စိတ်အားထက်သန်စွာ ဆန္ဒမဲပေးရန် စောင့်ဆိုင်းလျက်ရှိကြကာ မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ် မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ပြီးနောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးကမဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွှတ်တော်အသီးသီးအတွက် ဆန္ဒပြုခဲ့ကြသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရရှိလာသော အခွင့်အရေးနှင့် ဆန္ဒမဲပေးခွင့်တို့ကို နိုင်ငံသားတိုင်းက လက်လွတ်မခံ အမျိုးသားရေးအခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော် ကိုယ်စား လှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ကြသည်။ ရေနံချောင်းမြို့နယ်အနေဖြင့် ရပ်ကွက်(၁၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) အုပ်စုတွင် မဲရုံပေါင်း (၅၁)ရုံ ဖွင့်လှစ်ထားရှိပြီး မဲပေးစက်(၁၈၉)လုံးတပ်ဆင်အသုံးပြုကာဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၄၃၃၆၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
( ရေနံချောင်း ပြန်/ဆက် )