ရွှေသောင်ယံမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲကြီး၌ ပြည်သူများ ဆန္ဒမဲပေး

ရွှေသောင်ယံ ဒီဇင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့ဒီဇင်ဘာလ (၂၈)ရက်နေ့နံနက်ပိုင်းမှစတင်၍  မဲပေးမှုအပိုင်း(၁)ကိုဆောင်ရွက်ရာ နံနက်(၆)နာရီတွင် မဲရုံမှူးမှ မဲရုံဖွင့်လှစ်ကြောင်း၊ ပြည်သူများလာရောင်မဲပေးနိုင်ကြောင်း ကြေညာပေးပြီး မဲရုံသို့ရောက်ရှိနေသော ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများအားမဲရုံမှူးမှ မဲပုံးအား သံသယကင်းရှင်းစေရန်ဖွင့်လှစ်ပြသပြီး ချိတ်ပိတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်သူများမှ မဲရုံသို့လာရောက်ပြီးအေးချမ်းစွာ မဲပေးခြင်းလုပ်ငန်းများကို မဲပေးစက်ဖြင့် စနစ်တကျမဲပေးကြရာတွင် အပြင်စည်း၍တာဝန်ကျသော ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူအသီးသီးတို့မှ မဲပေးရန်လာရောက်သော သက်ကြီးရွယ်အိုများအား ဖေးမကူညီခြင်း၊ မသန်စွမ်းသူများအား ကူညီစောင့်ရှောက်ခြင်း လာရောက်မဲပေးကြသည့်ပြည်သူများအားလုံး​ အေးချမ်းလုံ​ခြုံစွာ မဲပေးနိုင်ရေးအထူးကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် လာရောက်မဲပေးသူပြည်သူများမှ လွှတ်တော်အသီးသီးရှိ ဆန္ဒပြုခန်းများ၌ မိမိတို့ဆန္ဒပြုလိုသည့် ပါတီများအား လွတ်လပ်စွာဆန္ဒပြုမဲပေးလျက်ရှိကြောင်း တွေ့ရသည်။

ရွှေသောင်ယံမြို့တွင် မြို့ပေါ်ရပ်ကွက်(၃) ခု၌မဲရုံ(၃)ရုံ ၊သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာအုပ်စုတို့၌ မဲရုံ (၉)ရုံ၊စုစုပေါင်း မဲရုံ(၁၂)ရုံ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၈၆၀၇)ဦး ရှိကြောင်းသိရသည်။

ကိုကိုမောင်