ပြည် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၉)အုပ်စု၌ မဲရုံပေါင်း(၁၃၃)ရုံဖြင့် ယနေ့နံနက် ၆ နာရီက စတင်ကျင်းပလျက်ရှိသည်။
အဆိုပါမဲရုံများစတင်ဖွင့်လှစ်သည့် နံနက်အစောပိုင်းကပင် ရပ်ကွက်/ကျေးရွာအလိုက် မဲဆန္ဒရှင်ပြည်သူများ လာရောက်မဲပေးလျက်ရှိပြီး မဲရုံအလိုက်တာဝန်ရှိသူများနှင့် လုံခြုံရေးအဖွဲ့များက မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာမဲပေးနိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)