စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း မဲရုံအမှတ် (၀၁)တွင် ဆန္ဒမဲလာရောက်ပေး

မြန်အောင် ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း မဲရုံအမှတ် (၀၁)တွင် ယနေ့ နံနက် ၆:၁၅ နာရီက ဆန္ဒမဲလာရောက်ပေးခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါဝင်ယှဥ်ပြိုင်၍ ရွေးကောက်တင်မြှောက်ခံမည် ဖြစ်သည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ ယနေ့ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်အောင်မြို့ နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၇၃) အုပ်စုတွင် မဲရုံစုစုပေါင်း (၂၁၂) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၄၂၁၆၈) ဦး၊ ကရင်တိုင်း ရင်းသား(၅၁၉၅)ဦး၊ ရခိုင်တိုင်းရင်းသား (၁၁၆) ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှသိရသည်။

မြန်အောင်မြို့နယ် အ.ထ.က သပြေကုန်း မဲရုံအမှတ် (၀၁) တွင် ယနေ့ နံနက် ၆ နာရီမှစ၍ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲများ စတင်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)