တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး  ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်​၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအဆင်ပြေချောမွေ့စွာ ဆန္ဒမဲ‌ပေးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၊ အခြေခံပညာကျောင်းများ၌ မဲရုံများပြင်ဆင်ထားရှိမှုကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်များနှင့်တွေ့ဆုံကာ  မဲရုံများတွင်လွှတ်တော်အလိုက် MEVMစက်ဖြင့် ဆန္ဒမဲပေးမည့် နေရာများ ပြင်ဆင်ထားမှုအခြေအနေများ၊ဆန္ဒပြုခန်းများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ တောင်တွင်းကြီးမြို့နယ် မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃)အုပ်စုရှိ မဲရုံ (၁၉၃)ရုံ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)