မကွေး ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ ကြီးကြပ်မှုဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျ ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြသည်။
ထိုသို့ ဖြန်ဝေပို့ဆောင်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှု တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မကွေးမြို့နယ်အတွင်းရှိ တိုက်နယ်(၇)ခုအလိုက်ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများက မဲရုံအ လိုက်မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များနှင့် မဲရုံသုံးပစ္စည်းများကိုရပ်ကွက်၊ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ မဲရုံတာဝန်ကျသူများထံ စနစ်တကျ ထုတ်ပေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ မဲရုံများသို့အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါထုတ်ပေးရာတွင် မကွေးမြို့နယ်အတွင်းရှိ မဲရုံ စုစုပေါင်း ၂၆၀ ရုံတို့အတွက် MVEM မဲပေးစက် ၈၇၇ လုံး၊ အရန်မဲပေးစက် ၈၉ လုံး၊ စုစုပေါင်း မဲပေးစက် ၉၆၆ လုံးနှင့် မဲရုံသုံးပစ္စည်းတို့ကို ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)