ဇလွန်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

ဇလွန် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရေးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ထောက်ပံ့‌‌ငွေများ‌ ချီးမြှင့်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း‌ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များက ဇလွန်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ (၁၈၉) ဦးတို့အား (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် တစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၆၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ချီးမြှင့်ငွေကျပ် (၁၁၃၄၀၀၀၀)၊ ၁၈နှစ်အထက် ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ဆန် (၁) ပြည်နှင့် ဆီငါးဆယ်သားတစ်ဘူးအား ယာယီနေရပ်စွန့်ခွာပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ဇလွန် (ပြန်/ဆက်)