ပဲခူးမြို့၌ တိုင်းရင်းသားဘာသာစကား(၅)မျိုးဖြင့် ဘာသာပြန်ဆောင်ရွက်ထားသည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အသိပညာပေး “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူး ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် အခွင့်အရေးမဆုံးရှုံးစေရန်နှင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တိုင်းရင်းသားဘာသာစကား()မျိုးဖြင့် ဘာသာပြန်ဆောင်ရွက်ထားသည့် “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားရာ‌နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေးကောက်ပွဲအောင်မြင်ရေး ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့၊ ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့စသည့် အကြောင်းအရာများအား တိုင်းရင်းသား ဘာသာစကား()မျိုးဖြင့် ဘာသာပြန်ဆောင်ရွက်ထားသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

သက်ဖြိုးကြိုင် (ပြန်/ဆက်)