နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင် ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ဇမ္ဗူသီရိ ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး​ဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်‌ဆေးရာတွင် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား မဲဆန္ဒရှင်များမဲပေးနိုင်ရန်နှင့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ် (၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းတို့တွင်

မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ မဲရုံတာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က လိုအပ်သည်များကို မှာကြားခဲ့ကြကြောင်း သိရှိရသည်။

နီလာ (ပြန်/ဆက်)