မကွေးမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများ လွှင့်ထူခြင်းနှင့် ရောင်စုံမီးများ ထွန်းညှိလျက်ရှိ

မကွေး ဒီဇင်ဘာ ၂

မ‌ကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်အလံများ လွှမ်းခြုံနေစေရေးအတွက် အဓိကမိန်းလမ်းမကြီးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နိုင်ငံတော်အလံများ လွှင့်ထူလျက်ရှိသည်။

နိုင်ငံတော်အလံလွှင့်ထူခြင်းသည် နိုင်ငံတော်ကို ကိုယ်စားပြုခြင်း၊ နိုင်ငံ၏ ဂုဏ်ကျက်သရေနှင့် အချုပ်အချာအာဏာကို ဖော်ပြခြင်း၊ နိုင်ငံသားများအကြား မျိုးချစ်စိတ်ဓာတ်နှင့် စည်းလုံးညီညွှတ်မှုကို မြှင့်တင်ပေးခြင်း၊ အစိုးရနှင့် နိုင်ငံ၏အုပ်ချုပ်ရေးကို ဂုဏ်ပြုခြင်း၊ နိုင်ငံတကာတွင် နိုင်ငံကို ကိုယ်စားပြုခြင်းစသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်အလံများ လွှမ်းခြုံနေစေရေးအတွက် မကွေးမြို့ မြို့အဝင်မုဒ်ဦးနှင့် အ.ထ.က (၁) လမ်းနှင့် လမ်းငါးသွယ်အဝိုင်း၊ ဗိုလ်ချုပ်လမ်းတ‌လျှောက်၊ ဧရာဝတီတံတား (အဝိုင်း)၊ မြို့ပေါ်လမ်းမကြီးများနှင့် ရုံး၊ ဌာန၊ နေအိမ်များ၊ ကျောင်းများ၊ စက်ရုံ/အလုပ်ရုံများ အားလုံးတွင် နိုင်ငံတော်အလံများ လွှင့်ထူလျက်ရှိပြီး ရောင်စုံမီးများလည်း ထွန်းညှိလျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)